skip to Main Content

ဂုဏ်ပြခြင်း နှင့် နှုတ်ဆက်ခြင်းအခမ်းအနားပြုလုပ်ကျင်းပခြင်း

မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ၂ဝ၁၉ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့မှစ၍ အချိန်ပြည့်ဝန်ထမ်းအဖြစ်မှ
အနားယူသွားပြီးဖြစ်သော ဦးခင်မောင်လတ် (အကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့ဝင်) ၏
ဂုဏ်ပြုခြင်း နှင့် နှုတ်ဆက်ခြင်းအခမ်းအနားအစီအစဉ်ကို လားရှိုးမြို့၊ ဆင်နှစ်ခေါင်ဟိုတယ်မှာ
၂ဝ၁၉ ခုနှစ် မတ်လ၊ ၉ ရက်နေ့က ပြုလုပ်ကျင်းပခဲ့ပါသည်။

ဆရာကြီးဦးခင်မောင်လတ်သည် လွန်ခဲ့သော ၁၈ နှစ် ကာလမှာ စီမံကိန်းမန်နေဂျာ၊ စီမံချက်ညှိနှိုင်းရေးမှူး၊
ရုံးခွဲညှိနှိုင်းရေးမှူး၊ စိုက်ပျိုးရေးပညာရှင်၊ အကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့ဝင် စသည့်တာဝန်အမျိုးမျိုးနဲ့
နောက်ဆုံးတာဝန်မှာ ရန်ကုန်ရုံးချုပ်မှာ စီမံချက်ညှိနှိုင်းရေးမှူး တာဝန်ယူခဲ့သူတစ်ဦးဖြစ်သည်။

မေတ္တာမိသားစုလုပ်ဖော်ဆောင်ဖက်များမှ ဆရာကြီးဦးခင်မောင်လတ်၏ ကြိုးစားအားထုတ်မှုများကို
ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါကြောင်း နှင့် နောင်နှစ်များ စွာကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေလို့
ဆုမွန် ကောင်းတောင်း မေတ္တာပို့သအပ်ပါသည်။

 

 

  

Back To Top