skip to Main Content

မြစ်ကြီးနားရုံးသစ်ဖွင့်ပွဲ နှင့် နှစ် (၂ဝ) ပြည့်အခမ်းအနားပြုလုပ်ကျင်းပ

မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ မြစ်ကြီးနားရုံးသစ်ဖွင့်ပွဲ နှင့် အဖွဲ့အစည်းတည်ထောင်သော
နှစ် (၂ဝ) ပြည့်အခမ်း အနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ရာဒါကောင်းမှာ
နံနက် (၁ဝ) နာရီးမှ စတင်ဖွင့် လှစ်ကြောင်းသိရှိရပါသည်။

အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊
ပြည်တွင်းပြည်ပ NGO အဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များမှကိုယ်စားလှယ်များ၊
ဘာသာရေးခေါင်းဆောင်များ၊  ကျေးရွာများမှရပ်မိရပ်ဖများ၊ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဘုတ်အဖွဲ့ဝင်များ နှင့်
ဝန်ထမ်းများ စုစုပေါင်းလူဦးရေ ၆ဝဝ လောက်တက်ရောာက်ကြသည်။

မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းသည် ၁၉၉၈ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး လက်ရှိမှာ ကချင်၊ ရှမ်း၊ ကယား နှင့်
ကရင်ပြည်နယ်၊ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်၊ စစ်ကိုင်း နှင့် မန္တလေးတိုင်းဒေသကြီးများတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ နှင့်
လူသားချင်းစာနာထောင်ထားမှုအကူအညီပေးလုပ်ငန်းများကို  အကောင်အထည်ဖော် လုပ်ဆောင်လျှက်ရှိပါသည်။

    

Back To Top