skip to Main Content

ဂုဏ်ပြုပွဲအခမ်းအနား

မေတ္တာမှအနားယူတော့မည့် ဆရာမကြီးဒေါ်လုဂျာ (မြစ်ကြီးနားရုံးခွဲညှိနှိုင်းရေးမှူး) ၏ဂုဏ်ပြုပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့နယ်၊အာလမ်ကျေးရွာရှိ ဖွံ့ဖြိုးရေးသင်တန်းရိပ်သာတွင် ၂၀၁၈ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး ထိုအခမ်းအနားသို့ဘုတ်အဖွဲ့ဝင်များ၊ အကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ နယ်ရုံးအသီးသီးမှဝန်ထမ်းများနှင့် မြစ်ကြီးနားရုံးခွဲအောက်ရှိ လုပ်ဖော်ဆောင်ဖက်ဝန်ထမ်းများ တက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။

ဆရာမကြီးဒေါ်လုဂျာသည် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတည်ထောင်သူအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မေတ္တာစတင်တည်ထောင်စဉ်ကပြင်ဒသခံပြည်သူများဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကျိုး မာန်တက်ဦးဆောင်ခဲ့ပြီး ဒေသခံပြည်သူများ၏အကျိုးအတွက်စိတ်ရင်းစေတနာမှန်ဖြင့် အဖက် ဖက်မှကြိုးပမ်းဆောင်ရွက်ခဲ့သူ ဖွံ့ဖြိုးရေးလုပ်သားအမျိုးသမီးတစ်ဦးဖြစ်သည်။

ဆရာမကြီးဒေါ်လုဂျာသည် လွန်ခဲ့သော နှစ် ၂၀ ကာလမှာ စီမံကိန်းမန်နေဂျာ၊ အလုပ်အမှု ဆောင်အဖွဲ့ဝင်၊ အကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့ဝင်စသည့်တာဝန်အမျိုးမျိုးနှင့် နောက်ဆုံးတာဝန်မှာ မြစ်ကြီးနားရုံးခွဲညှိနှိုင်းရေးမှူး တာဝန်ယူခဲ့သူတစ်ဦးဖြစ်သည်။ သူသည် ၂၀၁၈ ခုနှစ်၊မတ်လ ၃၁ ရက်နေ့တွင် မေတ္တာမှအနားယူသွားပြီဖြစ်ပြီး ရုံးခွဲညှိနှိုင်းရေးမှူးတာဝန်ကို ဦးခွန်းဒူအား လွှဲပြောင်း ပေးအပ်ခဲ့သည်။

မေတ္တာမိသားစုမှ ဆရာမကြီးဒေါ်လုဂျာ၏ ကြိုးပမ်းအားထုတ်မှုများကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါ ကြောင်းနှင့် ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး နောင်နှစ်များစွာ ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

Honouring Party

Honouring party of Lu Ja, who retired from Metta, was held at Centre for Action Research and Demonstration (CARD) on the evening of 24 March 2018 in Alam village, Myitkyina Township, Kachin State. The party was attended by Metta Board members, SMT members and staff members were present at the ceremony.

Lu Ja is co-founder of Metta and had been working with Metta since the beginning of Metta. She is a veterinary surgeon by profession and trained as a veterinarian and provided technical expertise for the livestock section of Land for Life project in Kachin State, which later evolved into the Centre of Action Research and Demonstration.

Over the course of twenty years, she played various roles, including project manager, a member Senior Management Team (SMT) and she most recently served as the Branch Office Coordinator at Myitkyina office. She retired from Metta on 31 March 2018 and handed over her Branch Office Coordinator role to Mr Hkun Du. Metta family would like to express immense gratitude for her work and dedication at Metta and wishes her a bright future.

Back To Top