skip to Main Content

ဆွမ်ပရာဘွမ်၊ ပူတာအိုသို့ မေတ္တာဘုတ်အဖွဲ့ခရီးစဉ်

မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း မြစ်ကြီးနား ရုံးအဆောက်အဦသစ်ဖွင့်ပွဲနှင့် နှစ် (၂၀) ပြည့် အခမ်းအနားကို ၂၀၁၉ ခုနှစ် မတ်လ (၁၈) ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ယင်းနောက် မေတ္တာဖွဲ့ဖြိုးရေးဖောင်ဒေးရှင်း (မေတ္တာ) ၏ ဘုတ်အဖွဲ့ဝင်များ၊ အမှုဆောင်ဒါရိုက်တာနှင့်အတူရုံးချုပ်စီမံခန့်ခွဲရေးအဖွဲ့မှတာဝန်ရှိသူများ၊ မြစ်ကြီးနားရုံးခွဲမှ တာဝန်ရှိသူများနှင့် စုစုပေါင်း (၁၂) ဦးတို့သည် မတ်လ ၁၉ ရက်မှ ၂၃ ရက်နေ့အထိ ပူတာအိုမြို့နယ်ရှိ မေတ္တာ၏ မူးယစ်ဆေးဝါးအန္တရာယ် လျော့ချရေး စီမံကိန်းလုပ်ငန်းခွင်သို့ ကွင်းဆင်းလေ့လာ အားပေးခြင်း ခရီးအားပြုခဲ့ကြပါသည်။ မြစ်ကြီးနားမှ ပူတာအို အသွားခရီးစဉ်အား…

Read more

မြစ်ကြီးနားရုံးသစ်ဖွင့်ပွဲ နှင့် နှစ် (၂ဝ) ပြည့်အခမ်းအနားပြုလုပ်ကျင်းပ

မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ မြစ်ကြီးနားရုံးသစ်ဖွင့်ပွဲ နှင့် အဖွဲ့အစည်းတည်ထောင်သော နှစ် (၂ဝ) ပြည့်အခမ်း အနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ ရာဒါကောင်းမှာ နံနက် (၁ဝ) နာရီးမှ စတင်ဖွင့် လှစ်ကြောင်းသိရှိရပါသည်။ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ NGO အဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ လူမှုရေးအသင်းအဖွဲ့များမှကိုယ်စားလှယ်များ၊ ဘာသာရေးခေါင်းဆောင်များ၊  ကျေးရွာများမှရပ်မိရပ်ဖများ၊ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ ဘုတ်အဖွဲ့ဝင်များ နှင့် ဝန်ထမ်းများ စုစုပေါင်းလူဦးရေ ၆ဝဝ လောက်တက်ရောာက်ကြသည်။ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းသည် ၁၉၉၈ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး လက်ရှိမှာ ကချင်၊ ရှမ်း၊…

Read more
Back To Top