skip to Main Content

ဂုဏ်ပြုပွဲအခမ်းအနား

မေတ္တာမှအနားယူတော့မည့် ဆရာမကြီးဒေါ်လုဂျာ (မြစ်ကြီးနားရုံးခွဲညှိနှိုင်းရေးမှူး) ၏ဂုဏ်ပြုပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့နယ်၊အာလမ်ကျေးရွာရှိ ဖွံ့ဖြိုးရေးသင်တန်းရိပ်သာတွင် ၂၀၁၈ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး ထိုအခမ်းအနားသို့ဘုတ်အဖွဲ့ဝင်များ၊ အကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ နယ်ရုံးအသီးသီးမှဝန်ထမ်းများနှင့် မြစ်ကြီးနားရုံးခွဲအောက်ရှိ လုပ်ဖော်ဆောင်ဖက်ဝန်ထမ်းများ တက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။ ဆရာမကြီးဒေါ်လုဂျာသည် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတည်ထောင်သူအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး မေတ္တာစတင်တည်ထောင်စဉ်ကပြင်ဒသခံပြည်သူများဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကျိုး မာန်တက်ဦးဆောင်ခဲ့ပြီး ဒေသခံပြည်သူများ၏အကျိုးအတွက်စိတ်ရင်းစေတနာမှန်ဖြင့် အဖက် ဖက်မှကြိုးပမ်းဆောင်ရွက်ခဲ့သူ ဖွံ့ဖြိုးရေးလုပ်သားအမျိုးသမီးတစ်ဦးဖြစ်သည်။ ဆရာမကြီးဒေါ်လုဂျာသည် လွန်ခဲ့သော နှစ် ၂၀ ကာလမှာ စီမံကိန်းမန်နေဂျာ၊ အလုပ်အမှု ဆောင်အဖွဲ့ဝင်၊ အကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့ဝင်စသည့်တာဝန်အမျိုးမျိုးနှင့် နောက်ဆုံးတာဝန်မှာ မြစ်ကြီးနားရုံးခွဲညှိနှိုင်းရေးမှူး…

Read more

Monitoring Visit to Indaw Gyi Lake Area

Metta Board members, Senior Management Team (SMT) members and staff members visited to Community-Led Harm Reduction Centre in Namawn, Indaw Gyi Area, Kachin State on 22 March 2018. မေတ္တာဘုတ်အဖွဲ့ဝင်များ၊ အကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် နယ်ရုံးအသီးသီးမှဝန်ထမ်းများသည် ၂၀၁၈ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးညင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ ဒေသခံများဦးစီးသော…

Read more

ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း

မတ်လ ၈ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women Day) တွင်  ကချင်ပြည်နယ်အမျိုးသမီးများကွန်ရက် (Kachin State Women Network - KSWN) က  အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ငြိမ်းချမ်း ရေးအတွက် ဦးဆောင်နေသူအမျိုးသမီးများအပြင် ထူးချွန်သူအမျိုးသမီး ၁၃ ဦးကို ဂုဏ်ပြုမှတ် တမ်းလွှာများကို ပေးအပ်ခဲ့ကြောင်းသိရသည်။ ယင်းအမျိုးသမီးများအနက် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတည်ထောင်သူ၊ Roman Magsaysay Award (2013)  ဆုရှင် ဒေါ်လဖိုင်ဆိုင်းရော်နှင့် ပြည်ပရောက်မြန်မာနိုင်ငံသားများချီးမြှင့်သည့် Citizen Burma Award ဆုရှင်…

Read more

Recognition Award

ဇန်န၀ါရီလ ၁၀ နေ့တွင်ကျရောက်သည့် (၇၀) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားကို မြစ်ကြီးနားမြို့၊ စီတာပူမနောင်ကွင်းမှာ စည်စည်ကားကားကျင်းပသွားခဲ့ပါသည်။ ယခုနှစ်ကချင် ပြည်နယ်နေ့အခမ်းအနားတွင် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတည်ထောင်သူ၊ Roman Magsaysay Award 2013 ဆုရှင် ဆရာမကြီးဒေါ်လဖိုင်ဆိုင်းရော်အား ကချင်လူမျိုးများအတိုင်ပင်ခံကောင်စီ (Wunpawng Amyu Sha Mung Bawng Rapdaw - WMR) မှ Recognition Award ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ Photo Credit : KACHIN WAVES  

Read more
Back To Top