skip to Main Content

လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ကျင်းပခြင်း

မေတ္တာဖွဲ့ဖြိုးရေးဖောင်ဒေးရှင်၏ ရုံးချုပ်စီမံခန့်ခွဲရေးအဖွဲ့နှင့် ပုသိမ်စီမံကိန်းညှိနှိုင်းရေးရုံးစီမံခန့်ခွဲရေး အဖွဲ့ဝင်များ တွေ့ဆုံခြင်းအစီအစဉ်ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့မနက်ပိုင်းတွင် ပုသိမ်စီမံကိန်း ညှိနှိုင်းရေးရုံးတွင် ပြုလုပ်ကျင်းပနိုင်ခဲ့ပါသည်။ ယင်းအစည်းအဝေးမှာ စီမံကိန်းညှိနှိုင်းရေးရုံးစီမံခန့်ခွဲရေးမှူး တာဝန်မှအနားယူမည့်ကိစ္စ၊ စီမံကိန်းညှိနှိုင်းရေးရုံးအတွက်စီမံခန့်ခွဲရေးတာဝန်များကို မည်သို့ဆက်လက် ဆောင်ရွက်သွားမည့်အကြောင်းနှင့် ဧရာဝတီတိုင်းဒေသမှာ မေတ္တာဖွဲ့ဖြိုးရေးဖောင်ဒေးရှင်းအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ဆွေးနွေးနိုင်ခဲ့ပါသည်။  

Read more

၅၇ ကြိမ်မြောက် အကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့အစည်းအဝေးပြုလုပ်ကျင်းပ

မေတ္တာဖွဲ့ဖြိုးရေးဖောင်ဒေးရှင်၏ ၅၇ ကြိမ်မြောက် အကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့ (Senior Management Team) ၏ ပုံမှန်အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့မှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ Swen Hotel တွင် ပြုလုပ်ကျင်းပနိုင်ခဲ့သည်။ အစည်းအဝေးသို့ အကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့ဝင် ၁၂ ဦးတက်ရောက်ကြပါသည်။ ယင်းအစည်းအဝေးတွင် ပုံမှန်လုပ်ငန်းများအပြင် အကြီးတန်းစီမံခန့်ခွဲရေး အဖွဲ့ဝင်အသစ်ရွေးချယ်တင်မြောက်ခြင်း၊ အဖွဲ့အစည်းဆိုင်ရာမူဝါဒများအချို့ဖြစ်သော ကျန်းမာရေးစောင့် ရှောက်မှုနှင့် ချေးငွေဆိုင်ရာမူဝါဒများကို ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် အဖွဲ့အစည်းအတွင်းလိုအပ်နေသော မူဝါဒအသစ်များ ဆက်လက်ဖော်ထုတ်နိုင်ရန် ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့ပါသည်။ အကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့ဝင်များသည် ၂၀၁၈ ခုနှစ်၊…

Read more

အကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၏ ကွင်းဆင်းလေ့လာခြင်း

မေတ္တာဖွဲ့ဖြိုးရေးဖောင်ဒေးရှင်၏ အကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့ဝင်များသည်  ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၅ -၂၆)ရက်နေ့များတွင် ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်းစီမံကိန်းညှီနှိုင်းရေးရုံးမှ ဆောင်ရွက်နေသော စီမံကိန်းလုပ်ငန်းးအခြေအနေများကိုသိရှိ နိုင်ရန်နှင့် ဒေသအသီးသီးမှအတွေ့အကြုံများကို အပြန်အလှန်ဝေငှဖလှယ်နိုင်ရန်ရည်ရွယ်၍ စီမံကိန်းကျေးရွာများသို့ကွင်း ဆင်းလေ့လာခဲ့ကြပါသည်။ လေ့လာခဲ့ရသော စီမံကိန်းများမှာ တောင်သူဆင့်ပွားသင်တန်းကျောင်းနှင့်အစုအဖွဲ့ပိုင်စပါးဂိုဒေါင် တည်ထောင်ခြင်းစီမံကိန်း၊ မိသားစုအခြေခံဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း နှင့် လူထုဦးစီးသောဖွံ့ဖြိုးရေးစီမံကိန်းများတို့ဖြစ်ကြပါသည်။  

Read more
Back To Top