skip to Main Content

၆၁ ကြိမ်မြောက် အကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့အစည်းအဝေးပြုလုပ်ကျင်းပ

မေတ္တာဖွဲ့ဖြိုးရေးဖောင်ဒေးရှင်၏ အကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့ (Senior Management Team) ၏
၆၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ၂ဝ၁၉ ခုနှစ်၊ မတ်လ (ဝ၉ – ၁ဝ) ရက်နေ့မှာ ရှမ်းပြည်နယ်း၊
လားရိုးမြို့၊ ဆင်နှစ်ကောင်ဟိုတယ်တွင် ပြုလုပ်ကျင်းပနိုင်ခဲ့သည်။ အစည်းအဝေးသို့ အကြီးတန်း
စီမံခန့်ခွဲရေးအဖွဲ့ဝင် ၁၂ ဦးတက်ရောက်ကြပါသည်။ ယင်းအစည်းအဝေးတွင် ပုံမှန်လုပ်ငန်းများအပြင်
အဖွဲ့အစည်းဆိုင်ရာမူဝါဒ အသစ်များပြဌာန်းနိုင်ခဲ့ပါသည်။

အကြီးတန်းစီမံခန့်ခွဲရေးအဖွဲ့ဝင်များသည် ၂ဝ၁၉ ခုနှစ်၊ မတ်လ (၈) ရက်နေ့တွင် ကျေးရွာများသို့
ကွင်းဆင်လေ့လာခြင်း၊ တောင်သူများနဲ့တွေ့ဆုံဆွေးနွေးခြင်း၊ သဘာဝမြေပဲဆီစုပေါင်းထုတ်လုပ်
ရောင်းချနေသော ဆီစက်ရုံ နှင့် စစ်ရှောင်စခန်းများသို့ ကွင်းဆင်းလေ့လာနိုင်ခဲ့ပါသည်။ ၂ဝ၁၉ ခုနှစ်၊
မတ်လ (၉) ရက်နေ့ ညနေပိုင်မှ လားရိုးရုံးခွဲတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနဲ့ တွေ့ဆုံခြင်း၊
ရှမ်းမြောက်ဒေသရှိ အရပ်ဘက်အဖွဲ့အစည်းများအချို့နဲ့တွေ့ဆုံဆွေးနွေးခြင်း အစီအစဉ်များကိုလည်း
ပြုလုပ်ကျင်းပနိုင်ခဲ့ပါသည်။

 

Back To Top