skip to Main Content

မူဝါဒရှင်းလင်းမိတ်ဆက်ခြင်းအခမ်းအနား

မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၏ “လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခြင်း၊
အမြတ်ထုတ်ခြင်းနှင့် အနိုင်ကျင့်ခြင်းများမှ အကာအကွယ်ပေးခြင်းမူဝါဒ”
ရှင်းလင်းမိတ်ဆက်ခြင်းအခမ်းအနားကို ရန်ကုန်မြို့၊ Summit Parkview
Hotel တွင် ၂၀၁၈ခုနှစ် အောက်တိုဘာလ ၁၇ရက်နေ့တွင်ပြလုပ်ကျင်းပ
ခဲ့ပါသည်။ယင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီး
ဌာနမှတာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊
နိုင်ငံခြားသံရုံးများမှတာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ
တာဝန်ရှိသူများနှင့် အခြားဖိတ်ကြားထားသူများတက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင်မေတ္တာဖွံ့ဖြိုရေးဖောင်ဒေး၇ှင်အမှုဆောင်ဒါရိုက်တာမှ
ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီးလူမှု
ဝန်ထမ်းဦးစီးဌာနမှ ညွန်ကြားရေးမှုမှ အဖွင့်အမှာစကားပြောကြားခြင်း၊
ရန်ကုန်တိုင်းဒသကြီး လွှတ်တော်ကိုယ်စားလှယ်မှ အားပေစကားချီးမြှင့်ပြော
ကြားခြင်း၊ ကျားမရေးရာတန်းတူညီမျှရေးကွန်ယက်တာဝန်ရှိသူမှ နှိုးဆော်တိုက်
တွန်းစကားပြောကြာခြင်းများပြုလုပ်ခဲ့ပါသည်။ထို့နောက် မေတ္တာဖွံ့ဖြိုရေး
ဖောင်ဒေးရှင်း၏ အကြီးတန်းစီမံခန့်ခွဲရေးရာအဖွဲ့ဝင် ဒေါ်ဂျာနူးမှမူဝါဒနှင့်
ပတ်သက်သောအကြောင်းအရားများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ထို့နောက်
တက်ရောက်လာကြသူများမှ အကြံပြုချက်များပေးခြင်း၊ သိလိုသည်များကို
မးမြန်းခြင်းများပြုလုပ်ခဲ့ပါသည်။ထို့နောက်မေတ္တာဖွံ့ဖြိုရေးဖောင်ဒေးရှင်း၏
ဘုတ်အဖွဲ့ဝင်မှ နိဂုံးချုပ်အမှာအစကားပြောကြားကာအခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

Launching of Metta Development Foundation’s Policy on Prevention of Sexual
Exploitation and Abuse (PSEA)
17th October 2018, Ballroom Hall, Summit Parkview Hotel

 

Back To Top