skip to Main Content

ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း

မတ်လ ၈ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women Day) တွင်  ကချင်ပြည်နယ်အမျိုးသမီးများကွန်ရက် (Kachin State Women Network – KSWN) က  အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ငြိမ်းချမ်း ရေးအတွက် ဦးဆောင်နေသူအမျိုးသမီးများအပြင် ထူးချွန်သူအမျိုးသမီး ၁၃ ဦးကို ဂုဏ်ပြုမှတ် တမ်းလွှာများကို ပေးအပ်ခဲ့ကြောင်းသိရသည်။ ယင်းအမျိုးသမီးများအနက် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတည်ထောင်သူ၊ Roman Magsaysay Award (2013)  ဆုရှင် ဒေါ်လဖိုင်ဆိုင်းရော်နှင့် ပြည်ပရောက်မြန်မာနိုင်ငံသားများချီးမြှင့်သည့် Citizen Burma Award ဆုရှင် ဒေါ်မရန်ဆုမိုင် (မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ မြစ်ကြီးနားရုံးခွဲက စီမံကိန်းညှိနှိုင်းရေးမှူး) တို့လည် ထိုဂုဏ်ပြုမှတ်တမ်းဆုကို ရရှိခဲ့ကြောင်းသိရသည်။

ထိုကဲ့သို့ပြင် ရှမ်းပြည်နယ်အတွင်းရှိအမျိုးသမီးများ၏ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကျိုးမာန်တက်ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး အမျိုးသမီးများ၏အကျိုးအတွက် စိတ်ရင်းစေတနာမှန်ဖြင့် အဖက်ဖက်မှကြိုးပမ်းဆောင်ရွက်နေသူ ဒေါ်စန်းဝေ (မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း၊ တောင်ကြီး ရုံးခွဲက ရုံးခွဲညှိနှိုင်းရေးမှူး) အား ရှမ်းပြည်နယ်အမျိုးသမီးရေးရာကော်မတီက ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းဆုကို ရှိခဲ့ကြောင်းသိရသည်။

Back To Top